26 C
Yangon

မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲပြုလုပ်

Must read

မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်၊ဇွန် ၁၄

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၁ စစ်ဒေသ ၊ မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့တွင် လွတ်မြောက်နယ် တစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုခြင်း၊ကျဆုံးအာဇာနည်ရဲဘော်များကို အလေးပြုခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဋ္ဌာန် ၄ ချက်ကို ရွတ်ဆိုခြင်း၊ မိန့်ခွန်းပြောကြားခြင်းများနှင့် ထူးချွန်ဆုရ သင်တန်းသားများကို ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article