26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းမှာ ဒီဂျစ်တယ် ငွေကြေး နဲ့ ငွေပေးချေမှု စနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတာကြောင့် ပြည်တွင်းဘဏ်တွေကနေ ငွေသားထုတ်ပေးမှုတွေကိုပါ စစ်ကောင်စီက ကန့်သတ်လာနိုင်တယ်လို့ ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်း က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းက နယ်မြေတွေကို အသက်ပေး ကာကွယ်ဖို့ သူ့လက်အောက်ခံတပ်ဖွဲ့တွေကို အမိန့်ပေးထားပေမယ့် သူနဲ့ဆက်စပ်နေတဲ့ နယ်ခြား စောင့်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို KIA – PDF မဟာမိတ်ပူးပေါင်းတပ်တွေက တောက်လျှောက် သိမ်းပိုက်နေပြီး ၊ စခန်းပေါင်း ၁၅ ခုကို သိမ်းပိုက်ရရှိထာပြီလို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်မှုတွေကြောင့် ပေါက်တောနဲ့ ပုဏ္ဏားကျွန်း မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့က ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article