31 C
Yangon

ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ စာသင်ကျောင်းအနီးကို စစ်တပ်က ဂျက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ

Must read

ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ စာသင်ကျောင်းအနီးကို စစ်တပ်က ဂျက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ ၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်၏ တံတားဦးတက်မှ တက်လာသည့် ဂျက် ဖိုက်တာ ၂ စီးက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုနဲ့ ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး။ ကျေးရွာ စာသင်ကျောင်းအနီး ပစ်ခံရတယ်ပြောတယ်။ လေယာဉ် ၂ စီးနဲ့ ၄ ချက်ပစ်တယ်ပြောတယ်။ အခြေအနေတွေ ထပ်သိရဖို့ စုံစမ်းနေပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လတ်တလော ကျွန်းလှမြို့နယ်နှင့်ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ဖျက်ဆီး မီးရှို့မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article