26 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေ လားရှိုးမြို့အနီးကို ရောက်ရှိလာပြီဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်တပ်စခန်းတွေအားလုံး စစ်ပြင်နေကြပြီး တရုတ်နိုင်ငံကိုပါ တရားဝင် အသိပေးတိုင်ကြားမှုတွေ လုပ်နေပြန်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း နတ်မောက်မြို့နယ်မှာ မိုင်းကွင်းထဲရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက လော်စပီကာနဲ့ လက်နက်ချဖို့ ပြောဆိုခဲ့ပေမယ့် မလိုက်နာတဲ့အတွက် ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေတဲ့သူတွေ တော်တော်များသွားတယ်လို့ နတ်မောက်ကျား မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့ ရဲဘော် ကျားဆိုး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ မဆင်မခြင်တိုက်ခိုက်မှု တွေကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article