26 C
Yangon

နိုင်ငံတကာက ၀ိုင်းဝန်း ဖယ်ရှား ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားသော အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းပေးအပ်

Must read

နိုင်ငံတကာက ၀ိုင်းဝန်း ဖယ်ရှား ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားသော အကြမ်းဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းပေးအပ်

ရန်ကုန်၊ ဇွန် ၁၆

နိုင်ငံတကာက ၀ိုင်းဝန်း ဖယ်ရှား ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတဲ့ အကြမ်း ဖက်စစ်ကောင်စီကို တရုတ်နိုင်ငံက ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းပေးအပ်လိုက် ပါတယ်။

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရေး အထူးရန်ပုံငွေ စီမံကိန်း ခေါင်းစဉ်အောက်ကနေ တရုတ်အစိုးရ က စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဒသမ၆ သန်း ထောက်ပံ့ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်နဲ့ စစ်ကောင်စီတို့ဟာ ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရေး အထူးရန်ပုံငွေ စီမံကိန်း သဘောတူစာချုပ်ကို ဇွန် ၁၄ ရက်မှာ နှစ်နိုင်ငံ ချုပ်ဆိုခဲ့ကြပါတယ်။

အဲ့ဒီသဘောတူညီချက်အရ စစ်ကောင်စီ ဝန်ကြီးဌာန ၆ ခုကအကောင်အထည်ဖော်ဆောင်ရွက်မယ့် စီမံကိန်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းခန့်ကို တရုတ်အစိုးရက စစ်ကောင်စီကိုပေးအပ် သွားမှာဖြစ်တယ် လို့ စစ်ကောင်စီ အာဘော် နိုင်ငံပိုင်သတင်းဌာနတွေ ကဖော်ပြပါတယ်။

စိုက်ပျိုးရေး နဲ့ မွေးမြူရေး၊ သစ်တောဆိုင်ရာ အရင်းအမြစ်တွေ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ အလေ့အထ နဲ့ တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်ရေးတို့ အတွက်ထောက်ပံ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနဲ့ ယဉ်ကျေးမှု ဆိုင်ရာမြှင့်တင်ရေး နယ်ပယ်တွေ မှာအသုံးပြုဖို့ အတွက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းတွေကို စစ်ကောင်စီ ဝန်ကြီးဌာန ၆ ခုက အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာထားပေ့မယ့် ဘယ်ဝန်ကြီးဌာနတွေဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။

၂၀၁၈ ခုနှစ်ကစလို့ ဒီနေ့အထိ မြန်မာနိုင်ငံကို စုစုပေါင်းစီမံကိန်းပေါင်း ၇ သုတ် ၁၁၈ ခုု လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးကူညီနေပြီး မဲခေါင်မြစ်နိုင်ငံများအနက် ပံ့ပိုးကူညီမှုရရှိတဲ့ စီမံကိန်းအရေ အတွက် အများဆုံးနိုင်ငံဖြစ်ပါတယ်။

အခုအကြိမ် လက်မှတ်ရေးထိုးခဲ့တဲ့ စီမံကိန်း ၁၂ ခုမှာ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု စတဲ့ နယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူ့လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကူညီပံ့ပေးတာဖြစ်တယ်လို့ ရန်ကုန်တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article