26.2 C
Yangon

စစ်တပ် အင်အားလျော့နည်းစေရန် ပြည်ပမှ သွေးထိုးလှုံ့ဆော်နေပြီး ထားဝယ်ရေနက်စီမံကိန်း နှင့်ရေး–ထားဝယ်–မြိတ်–ဘုတ်ပြင်း–ကော့သောင်း လမ်းပွင့်ရေး နှိမ်နင်းရေးလုပ်မည်ဟု ဒုတပ်ချုပ်သစ် အကြမ်းဖက် ကျော်စွာလင်း ပြောပြန်

Must read

ရန်ကုန်၊ ဇွန် ၂၅

မြန်မာနိုင်ငံတွင် စစ်တပ်၏ အင်အားလျော့နည်းစေရန် ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေပြီး ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများက မူးယစ်ဆေးဝါး၊ ကျားဖြန့်လုပ်ငန်းများနှင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြောင်း ဒုတပ်ချုပ်သစ် အကြမ်း ဖက် ကျော်စွာလင်းက ပြောပြန်သည်။

ဇွန်လ ၂၄ ရက်နေ့ တနင်္သာရီတိုင်းသို့ ရောက်ရှိနေသည့် ဒုတပ်ချုပ် ကျော်စွာလင်းက မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ဖွဲ့များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက “နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ထမ်းဆောင်နေတဲ့ မိမိတို့တပ်မတော်အင်အား လျော့နည်းစေရန်အတွက် ပြည်ပဩဇာခံ ကိုယ်ကျိုးရှာအဖွဲ့အစည်းတွေက နည်းလမ်းမျိုးစုံနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။

ဒုတပ်ချုပ် ကျော်စွာလင်းက ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ မဟာဗျူဟာမြောက် စီမံကိန်းများနှင့် ရေး–ထားဝယ်–မြိတ်–ဘုတ်ပြင်း–ကော့သောင်း လမ်းကြောင်းကဲ့သို့ ပြည်ထောင်စုလမ်းမကြီးများတွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်မှုကို ထိခိုက်စေသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ထိထိရောက်ရောက် နှိမ်နင်းရန် လိုအပ်ကြောင်း ပြောဆိုသည်။

၎င်းက “နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို တရားမဝင်တူးဖော်ရောင်းချဖို့ ကြိုးစားနေတဲ့သူတွေကို တပ်မတော်အနေနဲ့ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

ထို့အပြင် မူးယစ်ဆေးဝါးများကို လက်နက်ကိုင်အဖွဲ့အစည်းများက နယ်စပ်ဒေသများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေသည်ဟုဆိုကာ စစ်တပ်အနေဖြင့် ထိရောက်စွာ တားဆီးနှိမ်နင်းနေကြောင်း ၎င်းက ပြောကြားသည်။

တရားမဝင်အွန်လိုင်းလောင်းကစားများနှင့် ကုန်သွယ်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ ဘဏ္ဍာနှင့် အခွန်အခများကို ထိခိုက်စေသဖြင့် ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ဒုတပ်ချုပ် ကျော်စွာလင်းက ထည့်သွင်းပြောကြားခဲ့သည်။

အကြမ်းဖက် ကျော်စွာလင်းသည် မတ်လ ၃၀ ရက်နေ့ ဒုတပ်ချုပ် ဟောင်း စိုးဝင်းထံမှ တာဝန်လွှဲ ပြောင်း ရယူခဲ့သော်လည်း လက်ရှိ ၎င်းပြောဆိုနေသော စစ်တပ်၏ မူဝါဒနှင့် အတွေးအခေါ်များမှာ မင်းအောင်လှိုင်နှင့်စိုးဝင်းတို့ ခေါင်း ဆောင်သော ကာလကဲ့သို့ မပြောင်းမလဲဘဲ ပုံစံတူပြောဆိုနေခြင်းဖြစ်သည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article