26 C
Yangon

ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ၁ ဦး အလင်းဝင်

Must read

ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇွန် ၁၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်သား ၁ ဦး အလင်းဝင်ခဲ့ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့တွင် ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် အမှတ် ၁၁ အဆင့်မြှင့် ဆက်သွယ်မှုတပ်ရင်း (အဆရ -၁၁) မှ တပ်မ‌တော်သားတစ်ဦး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားကို ပုသိမ်မြို့နယ် ပကဖ မှ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လုံခြုံသည့် နေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ထံ အလင်းဝင်ရောက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် စစ်ကောင်စီ တပ်သား ၁၁ ဦးထိ ရှိလာပြီး ကျန်ရှိနေသော စစ်သားနှင့် ရဲများ ပြည်သူဘက် ရပ်တည်ကြရန် ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article