27 C
Yangon

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ပစ္စည်းဝင်ခိုးသည့်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာတွင် ပစ္စည်းဝင်ခိုးသည့်စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသော စစ်သားများနှင့် ကင်းပုန်းစစ်သားများကို တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအတွင်း ပြည်သူများ ၏ ဆိုင်ကယ်နှင့် အိမ်တွင်း ပစ္စည်းများအား လာရောက်ခိုးယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ် သားများကို ဝင်ရောက် ပစ်ခတ်တိုက် ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ် သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန်လ ၁၅ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာအကြား တံတားဖြူအနီးတွင် ကင်းပုန်းယူနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား များ ကို အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်ခတ်မှုကြာချိန် ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ် သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ရေဖြူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) ၊ ဥဩစစ်ကြောင်းနှင့် Dawei Guerrilla Revolutionary force (DGRF) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး အသိ၊ သတိပြုသွားလာနေထိုင်ပေး ကြပါရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article