ဒီကနေ့ ဇွန် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်က ညောင်ရွှေမြို့နယ် တိုက်ပွဲမှာ အတုံးအရုံး သေကုန်ကြတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အလောင်း ၄၀ ကျော်ကို ၃ လနီးပါးကြာတဲ့အထိ စစ်တပ်က လာမကောက်တဲ့အတွက် PDF တပ်ဖွဲ့တွေက မနေ့ကပဲ သဂြိုလ်ပေးခဲ့ရတယ်လို့ ပျားစစ်ကြောင်း ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ချင်းပြည်နယ်က မတူပီမြို့ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ်ကြီးအောင်သူရှိန် အပါအဝင် စစ်ကောင်တပ်သား ၄ ဦးက မနေ့ကပဲ သေကုန်ကြပြီလို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
- ရန်ကုန် နဲ့ မန္တလေးမြိုတွေမှာ အကြမ်းဖက် စစ်တပ်က ဧည့်စာရင်းစစ် တဲ့အချိန်နဲ့ လုံခြုံရေး စစ်ဆေးတဲ့ အချိန်တွေမှာ မိုဘိုင်းလ်ဖုန်းတွေကိုပါ စစ်ပြီး ဖုန်းထဲမှာ VPN တွေ့တာနဲ့ ငွေကျပ် အနည်းဆုံး ၅ သောင်း ကနေ ၂ သိန်းအထိ တောင်းယမ်းနေတယ်လို့ ငွေညှစ်ခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေ ကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
