33 C
Yangon

NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများ ဖြေကြား

Must read

NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများ ဖြေကြား

ရန်ကုန်၊ ဇွန် ၁၇

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဆစ်ဒနီ မြို့ခံ မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူ ၃၀၀ ကျော်ခန့်နှင့် ဇွန်လ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် သံတမန်ဆက်ဆံရေးကဏ္ဍများတွင် အမျိုးသားညီညွတ် ရေးအစိုးရ၏ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေသော အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ထို့ပြင် တက်ရောက်သူများ မေးမြန်းသည့် တော်လှန်ရေး အခြေအနေအရပ်ရပ်၊ မဟာမိတ်ဆက်ဆံရေး အခြေအနေ ၊လက်ရှိ ဩစတြေးလျ ခရီးစဉ်၏ ရည်ရွယ်ချက် မျှော်မှန်းချက်များနှင့် ဆောင်ရွက်ရန်ရှိသည့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲ အစီအစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့အကြိုအဖြစ် သီချင်းဖြင့် ဂုဏ်ပြုခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် မွေးနေ့ဆုတောင်းခြင်းအစီအစဉ်ကိုလည်းထည့်သွင်းကျင်းပခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article