ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၇
ဂျပန်နိုင်ငံ တိုကျိုမြို့ တိုရှီးမားမြို့နယ် အီခဲဘုခူရိုအရပ်တွင် ၇၉ နှစ်မြောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ဇွန် ၁၆ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲကို လူဦးရေ ၃ထောင်ကျော် တက်ရောက်ပြီးပွဲတော်အတွင်း မြန်မာ့အရေးကိုအစဥ်တစိုက်အားပေးထောက်ခံခဲ့တဲ့ ဂျပန်လူမျိုးများနှင့် အတူ ပွဲအတွင်း သနပ်ခါးအလှ လိမ်းချယ်ခြင်း၊ ခြင်းလုံးခတ်ခြင်း၊ ကျန်းမာရေးစစ်ပေးခြင်း ၊ kids Corner, Photo Booth , စားသောက်ဆိုင်များ၊ တော်လှန်ရေး ရန်ပုံငွေ စျေးအရောင်းဆိုင်များအပြင် မြန်မာ့ရိုးရာအကအလှများ၊ စတုဒီသာကျွေးပြီးကဗျာပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတို့ ပါဝင်ခဲ့ကြကြောင်း သိရှိရသည်
![](https://yktnews.com/wp-content/uploads/2024/06/448620092_826408469586761_5262472727119978665_n.jpg)
![](https://yktnews.com/wp-content/uploads/2024/06/448378608_826408362920105_3302836006207899873_n.jpg)
![](https://yktnews.com/wp-content/uploads/2024/06/448477498_826408546253420_377745496953746417_n.jpg)