27 C
Yangon

ထားဝယ်မြို့ပေါ်တွင် ပြည်သူများကို VPN စစ်ဆေး၍ ငွေတောင်းနေသည့် စစ်ကောင်စီ တပ်သားများကို သတိပေး ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ထားဝယ်မြို့ပေါ်တွင် ပြည်သူများကို VPN စစ်ဆေး၍ ငွေတောင်းနေသည့် စစ်ကောင်စီ တပ်သားများကို သတိပေး ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် ပြည်သူများကို VPN စစ်ဆေး၍ ငွေတောင်းနေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို သတိပေး ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ်မြို့လယ်ခေါင်ရှိ ဥက္တားကြီး လမ်းဆုံ၌ မိုင်း ၁ လုံး၊ မော်တော်ပီကယ် ဂိတ်ဘေး၌ မိုင်း ၁ လုံး ထောင်ထားခဲ့ပြီး မိုင်းလာရှင်းသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း၊ ဒုတိယ မိုင်း ၁ လုံးကို အကြမ်းဖက် စစ်သားများက ရှာဖွေ တွေ့ရှိခဲ့ပြီး ဖောက်ခွဲ ရှင်းလင်းလိုက်ကြောင်း သိရသည်။

“သူတို့ မိုင်းလာဖြုတ်တဲ့အချိန်ကို ဖောက်ခွဲခဲ့တာ အခုလို တိုက်ခိုက်တာက မြို့ထဲမှာနေတဲ့ ပြည်သူတွေကို စစ်မှုထမ်းဥပဒေနဲ့ အလိုမတူဘဲ စုဆောင်းတာ VPN အကြောင်းပြပြီး လမ်းဆုံလမ်းခွနဲ့ ဂိတ်တွေမှာ စစ်ဆေးပြီး ၃သိန်းနဲ့ ပြန်ထုတ်ခိုင်းတာတွေ အတင့်ရဲလာလို့ ကျွန်တော်တို့ မြို့တွင်း လှုပ်ရှားမှုလုပ်တာပါ။ ပြည်သူတွေကိုတော့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း အန္တရာယ်မဖြစ်အောင် ကိုယ်နဲ့ မသက်ဆိုင်ဘဲ မသင်္ကာစရာ အထုတ်ပိုးတွေကို သွားမထိဖို့ ဝေးဝေးကရှောင်ဖို့နဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့ ဝေးဝေးနေဖို့ပြောချင်ပါတယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) နှင့် ဒေါင်းညီနောင်စစ်ကြောင်းမှ မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် စစ်ရေးပစ်မှတ်များကို အချိန်မရွေး တိုက်ခိုက် သွားမည်ဖြစ်ပြီး ထားဝယ်မြို့ထဲလမ်းများပေါ်၌ ဖြစ်စေ စစ်ကောင်စီ တပ်စွဲရာ စခန်း အနီးဝန်းကျင်၌ ဖြစ်စေ မသင်္ကာစရာမည်သည့် အထုပ်ပိုး ၊ မည်သည့်အိတ်မျိုးကိုမျှ ကိုယ်နှင့် မသက်ဆိုင်ဘဲ သွားရောက်ထိတွေ့ ကိုင်တွယ်ခြင်းမပြုကြရန် စစ်ကောင်စီ တပ်သားများ စစ်ကောင်စီတပ်စွဲရာနေရာများ နှင့် ဝေးဝေးရှောင်ရှားကြရန် လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက တာဝန်ရှိသူ တစ်ဦးက အသိပေး ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article