33 C
Yangon

သနပ်ပင်မြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များက သိန်း ၂၀၀ ယူ ခွင့်ပြုထား သော လောင်းကစားဝိုင်း တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်း

Must read

ရန်ကုန်၊ ဇွန် ၁၇

ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊သနတ်တန်းရွာတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ စစ်များက သိန်း ၂၀၀ လာဘ်ယူကာ လုံခြုံရေးပေးထားသည့် လောင်း ကစားဝိုင်း(အာဝါဒေးပွဲ)ကို ပြည်သူများက နှိမ်နင်းပေးရန် တိုင်ကြား၍ တော် လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန် ပြည်သူများ၏ လောင်းကစားဝိုင်းကို ရှင်းပေးရန် တိုင်ကြားမှုကြောင့် ဝေါမြို့နယ် ပကဖ များက လူ ၁၀၀ ဝန်းကျင် စုဝေးနေသော လောင်းကစားကို ဝင်ရောက် စီးနင်းခဲ့ကြောင်း ၊ အဆိုပါ အာဝါဒေးပွဲကို ပြည်သူ့စစ်ခေါင်းဆောင်ရဲမင်းထွန်းက ဦးဆောင်ကျင်းပနေခြင်းဖြစ်ကာ အကြမ်းဖက် စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာများကိုသိန်း ၂၀၀ ပေး၍ အာဝါဒေးပြုလုပ်ခွင့် ၁၅ ရက်ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ လူစုကွဲစေရန် သေနတ်ကို မိုးပေါ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း၊ ဝိုင်းထဲရှိ အကြမ်းဖက်စစ်သားနှင့် ပြည်သူ့စစ်အချို့က ထွက်ပြေးသွားခဲ့ပြီး ခပ်လှမ်းလှမ်းမှ ပြန်လည် ပစ်ခတ်သဖြင့် ၁၀ မိနစ် ဝန်းကျင်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ရွာတွေမှာတော့ လှည့်လည်ပြီး အာဝါဒေးပွဲတွေ လုပ်ပါတယ်။ လောင်းကစားဝိုင်းတွေကြောင့် လူ ငယ် တွေ အကျင့်စာရိတ္တပျက်စီးနေကြောင်းနဲ့ဒုစရိုက်မှု၊ခိုးမှုတွေ အမြဲဖြစ်ပေါ်နေလို့ လာရှင်းပေးဖို့ပြည်သူတွေက ခဏ ခဏတိုင်ကြားလာတဲ့အတွက် သွားရောက်လုပ်ဆောင်ပေးရတာပါ”ဟုဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပစ်ခတ်မှုအတွင်း လောင်းကစားဝိုင်းမှ ဖဲကစားသူတစ်ဦးမှာ ပေါင်ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး အခြား ထိခိုက်မှု မရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် အာဝါဒေးပွဲများကို ငွေကြေးကောက်ခံ၍ ရွာစဉ်လှည့်လုပ်ဆောင်ခွင့် ပြုနေခြင်း ဖြစ်ကြောင်း ဝေါမြို့နယ် ပကဖ ထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ်(ပကဖ)နှင့်သနပ်ပင်မြို့နယ်(ပကဖ)တို့ပူး ပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article