27 C
Yangon

စစ်အာဏာရှင် ချေမှုန်းရေး စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသည့် တပ်ရင်း၊ တပ်မများ အမြောက်အမြားထပ်မံ ပေါ်ထွက်ရန် လိုအပ်နေဟု NUG ယာယီသမ္မတ က တိုက်တွန်းပြောဆို

Must read

ရန်ကုန်၊ ဇွန် ၁၈

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ချေမှုန်းရေး စနစ်တကျ လေ့ကျင့်တည်ထောင်ထားသည့် တပ်ရင်း၊ တပ်မများ အမြောက်အမြားထပ်မံ ပေါ်ထွက်ရန် လိုအပ်နေဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ထိုသို့ တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ စနစ် တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ တပ်ရင်း၊ တပ်မတွေ အမြောက်အမြား ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အဲသည့်လို ပေါ်ထွက်လာနိုင်ဖို့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်း ရေးကို နိုင်ငံရေး နည်းအရ ကြိုးစားတည်ဆောက်နေသလို၊ စစ်ရေးနည်းအရလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။

ယနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတက အချက် ၂ ချက်ကို အဓိကထောက်ပြခဲ့ပြီး ပထမအချက်အနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြတ်သန်းနေသည့် စစ်ရေးမြေပုံ အရွေ့ တချို့နှင့် ပတ်သက်ပြီး မြန်မာ အစိုးရအဖွဲ့ဝင်အားလုံးကို သတိချပ်စေချင်ကြောင်း သမ္မတက ဆိုသည်။

” လောလောဆယ်အားဖြင့် ရက္ခိုင်ဒေသ၊ ကချင်ဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းတောင်၊ ကရင်နီဒေသနှင့် တနင်္သာရီဒေသတွေဟာ ခုခံတော်လှန်စစ်အရ စစ်ရေးအဟုန် မြင့်မားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားသော ခုခံတော်လှန်စစ်ဒေသတွေမှာတော့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ဦးစားပေး လျာထားချက်တွေအရ အနည်းငယ် ငြိမ်သက်နေတာမျိုးလည်း တွေ့မြင်ရပါတယ်။ စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ “ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစု” ကို ဆိုလိုတာဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးမဟာမိတ်များက မဟာမိတ်စုဖွဲ့မှု၊ ခိုင်မာအားကောင်းရေး လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြားတွင် စနစ်တကျ လေ့ကျင့်တည်ဆောက်ထားသော တပ်ရင်း၊ တပ်မတွေ အမြောက် အမြား ပေါ်ထွက်လာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article