29 C
Yangon

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေအသင်း၏ သတ်မှတ်ရွှေစျေး နှင့် ပြင်ပစျေးကွက်မှ ရွှေစျေးနှုန်းတို့အကြား အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀ သိန်းနီးပါး ကွာခြားနေ

Must read

ရန်ကုန်၊ ဇွန် ၁၈

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေအသင်း၏ သတ်မှတ်ရွှေစျေး နှင့် ပြင်ပစျေးကွက်မှ ရွှေစျေးနှုန်းတို့အကြား အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀ သိန်းနီးပါး ကွာခြားနေကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ရန်ကုန်ရွှေအသင်းက စစ်တပ်၏ အလိုအတိုင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၄၅ သိန်း ၈ သောင်း သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၃ သောင်းဝန်းကျင်စျေးရှိနေကြောင်း သိရှိရသည်။

“ရန်ကုန်ရွှေအသင်းစျေးနဲ့ ပြင်ပရွှေစျေးက ၁၀ နီးပါး လောက်ကွာနေပြီ။ တစ်ကျပ်သားကို ၁၀ သိန်းလောက်ကွာ တော့ ဘယ်သူကမှ ရန်ကုန်ရွှေအသင်းရဲ့ စျေးနှုန်းနဲ့ အလုပ်မလုပ်ကြဘူး။ ဟိုးအရင်ခေတ်ကလိုပေါ့။ တစ်ဒေါ်လာ ၆ ကျပ်တော့ စစ်တပ်က သတ်မှတ်တာပဲ အလုပ်က မဖြစ်ဘူးဆိုသလိုပေါ့။ အခုလည်း အဲဒီလိုပါပဲ။ ရန်ကုန်ရွှေအသင်းရဲ့ စျေးနှုန်းက ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ အပြင်စျေးကွက်တော့ စတော့ လည်ပတ်နေပြီ။ ဒါပေမယ့် အဖမ်းအဆီး ကြောက်လို့ အပြည့်အ၀ မလည်နိုင်သေးဘူး” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။

ထို့ပြင် အမေရိကန်ဒေါ်လာတန်ဖိုးမှာလည်း ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်ဝန်းကျင်တွင် စျေးပေါက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article