26 C
Yangon

ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဆု တောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီ၏ မတရား ဖမ်းဆီးခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ကြကြောင်း၊ ဖားကန့်ပြည်သူများက မတရားဖမ်းဆီးခံထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစေရန်နှင့် မတရားဖမ်းဆီးချုပ်နှောင် ခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ရေး၊ နွေဦးတော်လှန်ရေး အမြန်အောင်မြင်ကာ မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်အမြန်ကျဆုံးစေရန် ကြွေးကြော် ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article