26 C
Yangon

မန္တလေးတွင် ပန်းပန်သူ၊ ပန်းဝယ်သူနှင့် ပန်းရောင်းသူများကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပါဝင်သူများဟုဆိုကာ စစ်တပ်က ဖမ်းဆီး၊ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိ

Must read

ရန်ကုန်၊ ဇွန် ၁၉

မန္တလေးတွင် ပန်းပန်သူ၊ ပန်းဝယ်သူနှင့် ပန်းရောင်းသူများကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ပန်းသပိတ်တွင် ပါဝင်သူများဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေကြောင်း မန္တလေးမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေး နေ့အဖြစ် ပန်းသပိတ်ကို ပြည်သူများအားလုံးက တက်ကြွစွာ ပါဝင်ဆင်နွှဲနေကြစဉ် မန္တလေးတွင် စစ်ကောင်စီက ရမ်းကားဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

မန္တလေး၊မြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်းနှင့် ၈၁ လမ်းအနီးတွင် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်ထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီဝန်းကျင်ဝင်ရောက်လာပြီး ပန်းပန်ထားသူ ပြည်သူ ၁ ဦးကိုလည်း ကောင်း၊ မန္တလေး ရွှေယမင်းဦး လက်ဖက်ရည်ဆိုင်မှ အမျိုးသမီး ၃ ဦး၊ နှင်းဆီပန်းကိုင်ထားသူ ၁ ဦးကိုလည်း ကောင်း၊ လူမှုကွန်ရက်တွင် နှင်းဆီပန်းကိုင်၍ ဓာတ်ပုံရိုက်သူ အမျိုးသမီး ၂ ဦး၊ ဆိုင်ကယ်ဖြင့် ပန်းဝယ်လာသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ၊ မဟာအောင်မြေမြို့နယ်တွင် ပန်းဝယ်လာသူ အမျိုး သမီးကြီး ၂ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင် စီက ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ပန်းဝယ်လာသူတွေလည်း အဖမ်းခံရတယ်၊ ပန်းပန်သူလည်း အဖမ်းခံရတယ်။ ပန်းရောင်းသူတစ်ဦးကတော့ နှင်းဆီးပန်းတွေ လိုက်ရောင်းလို့ အဖမ်းခံရတယ်။ လောလောဆယ်တော့ သိရသလောက် ၁၀ ဦးလောက်တော့ရှိနေပြီ” ဟု မန္တ လေး ကင်းထောက်အဖွဲ့ဝင် တက်ကြွလှုပ်ရှားသော လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီကို ထောက်ခံသော လော်ဘီများက ဖေ့ဘုတ်စ် လူမှုကွန် ရက် တွင် ပန်းသပိတ် ပါဝင် ဆင်နွှဲနေသူများ၏ လိပ်စာ၊ ဓာတ်ပုံများနှင့်တကွ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြ၍ ဖမ်းဆီးခိုင်းမှုများကို လုပ်ဆောင် နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – မန္တလေးတွင် စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးပြီး တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေသည့် ထိပ်တုံးခတ်ခံထားရသည့် ပြည်သူတချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် စစ်ကောင်စီက ပြည်သူများကို ဖမ်းဆီးပြီး တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေနေသည့် ထိပ်တုံးခတ်ခံထားရသည့် ပြည်သူတချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article