လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု၏ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်ကို ဆေးကုသမှုပေး
ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဗလုံးစင်တောထဲရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်ကို လူထု ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆေးဝါးကုသမှုပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံကို ကိုနေမင်းသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူရှင်များက ပေးပို့သော ထောက်ပံ့ငွေများဖြင့် ဝက်လက်မြို့နယ်၊ ငတိုက်တောကျေးရွာမှ ဗလုံစင်တောထဲသို့ တိမ်းရှောင်နေရ သော စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် ကို CDM ကျန်းမာရေး ဆရာ၊ ဆရာမများက သွားရောက် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သွေးတိုး၊ သွေးကျ၊ ဆီချို၊ အပူရှပ်ဖျားနာတာ၊ ကလေးတွေယာနဖြစ်တာ၊ အဖိုးအဖွားတွေကတော့ လူကြီးရောဂါပေါ့၊ နယ်တွေမှာ ဆေးပေးခန်းတွေမရှိတော့ဘူး၊ စစ်ရှောင်စခန်းတွေမှာပဲ သွားကုနေရ တာ၊ တခြားရွာတွေကလည်း သူတို့ဆီလာပါအုံးလို့ ခေါ်ကြတဲ့ ရွာတွေက အများကြီးပဲ။ ဆေးဝါးတွေ ပြတ်လို့ မသွားနိုင်ကြတာ၊ ကွင်းဆင်းသွားရင် စစ်ဘေးရှောင်တွေက မရှိတဲ့ကြားထဲကနေ ထမင်း ဟင်းတွေချက်ကြိုဆိုကြတာ၊ မလုပ်ပါနဲ့လို့ တားယူရတယ်၊ တစ်ဦးမေတ္တာ တစ်ဦးစေတနာလို့ ယူဆ ပါတယ်” ဟု ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံကို ကိုနေမင်းသန့်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။