ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၉နှစ် ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်ချီတက်
ရန်ကုန်၊ ဇွန် ၁၉
ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်းက ယင်းမာပင်ဆားလင်းကြီးသပိတ်ဦးဆောင်ကော်မတီဝင်များ NUGလက် အောက်ခံ ကျောင်းသူ/သားများနဲ့ပူးပေါင်းကာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၉နှစ်ပြည့် မွေးနေ့ ပန်းသပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ဆားလင်းကြီးမြို့နယ်တွင်လည်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်က ဒေါ်အောင်ဆန်းစုကြည်၏ ၇၉နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စစ်ရှောင်စခန်း ၂ နေရာကို သွားရောက်ကာ မွေးနေ့ကိတ်ခွဲခြင်းနှင့်ဆုတောင်းမေတ္တာပို့သခြင်းတို့ လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။