ရန်ကုန်၊ ဇွန် ၂၀
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် မတရား ဖမ်းဆီးထိန်းသိမ်းခံနေရသော စစ်ဘေးရှောင် ပြည်သူများက မြန်မာနိုင်ငံ ပြန်မပို့ရေး အစာငတ်ခံ ဆန္ဒပြနေပြီး အိန္ဒိယအစိုးရအနေဖြင့် မြန်မာ စစ်ဘေးရှောင် ပြည်သူများကို နေရပ်ပြန်မပို့ရန် အရပ်ဘက်အဖွဲ့ ၄ ခုဖြစ်သော India for Myanmar ၊ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု၊ မြန်မာ့ ဒီမိုကရေစီ ကာကွယ်မြှင့်တင်ရေး လှုပ်ရှားမှုနှင့်စစ်ငြိမ်းပန်းဖောင်ဒေးရှင်းတို့က တောင်းဆိုလိုက်သည်။
အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသည့် မြန်မာစစ်ပြေး ဒုက္ခသည် ၂၇ ဦး အား အာသံပြည်နယ်တွင် ဖမ်းဆီးထောင်ချခြင်း၊ ၂၀၉ ဦးအား မဏိပူရ်ပြည်နယ်တွင် အိန္ဒိယနိုင်ငံအစိုးရမှ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ အများစုသည် ၎င်းတို့ကျခံရမည့် ပြစ်ဒဏ်၊ ငွေဒဏ်များ ကျခံပြီး ဖြစ်သော်လည်း ဆက်လက် ဖမ်းဆီးထိန်းသိမ်း ခံနေရခြင်းကြောင့် ဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များသည် များစွာနစ်နာကြရပြီး လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ကိုလည်း ရင်ဆိုင်နေရကြောင်း သိရှိရသည်။
အကျဉ်းထောင်မှ လွှတ်ပေးမည်ဟုဆိုကာ ရူပီငွေ ၅သောင်း တောင်းခံမှုများ၊ ဆေးကုသခွင့် မရရှိမှုများကြောင့် အသက် ၃၂ နှစ်ရွယ် Mr. Demkholum Guite သည် ထောင်ထဲတွင် သေဆုံးခြင်း၊ ဖမ်းဆီးခံသူများထဲမှ အမျိုးသမီး ၆ ဦး ထက်မနည်း ထောင်တွင်း မီးဖွားခြင်းနှင့် မွေးဖွားလာသော ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းများ ကြုံတွေ့ နေရကြောင်း၊ ဖမ်းဆီးခံရသူ အများစုသည် ၎င်းတို့ကျခံရမည့် ပြစ်ဒဏ်၊ ငွေဒဏ်များ ကျခံပြီး ဖြစ်သော်လည်း ဆက်လက် ဖမ်းဆီးထိန်းသိမ်း ခံနေရခြင်းကြောင့် ဖမ်းဆီးခံထားရသူများနှင့် မိသားစုဝင်များသည် များစွာနစ်နာကြရပြီး လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ကိုလည်း ရင်ဆိုင်နေရကြောင်း သိရှိရသည်။
လက်ရှိတွင် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ပြေး ဒုက္ခသည် ၇၆ ဦးခန့်ကို အကြမ်း ဖက် စစ်အုပ်စုထံ လွှဲအပ်ခြင်းနှင့် ကျန်ရှိ နေသော ဖမ်းဆီးခံ ၁၅၀ ခန့် နှင့် မဏိပူရ် ပြည်နယ်အတွင်း ခိုလှုံလျှက်ရှိသော မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ကျော်အား အကြမ်းဖက် စစ်အုပ်စုထံ လွှဲအပ်ရန် ပြင်ဆင်နေမှု ရှိနေကြောင်း သိရှိရသည်။
ထို့ကြောင့် အိန္ဒိယ အစိုးရ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့သော လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်သော လုပ်ရပ်များအား ချက်ချင်း ရပ်တန့်ကာ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ၏ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့် ပေးရန်နှင့် ဒီမိုကရေစီ၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် အိန္ဒိယ အစိုးရသို့ တိုက်တွန်း တောင်းဆိုကြောင်း အရပ်ဘက်အဖွဲ့ ၄ ခုက တောင်းဆိုထားသည်။
ဓာတ်ပုံ- မေလအတွင်း မြန်မာဒုက္ခသည်များကို အိန္ဒိယအစိုးရက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်နေစဉ်။
အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော စစ်ဘေးရှောင် ပြည်သူများကို နေရပ် ပြန်မပို့ရန်၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် အရပ်ဘက်အဖွဲ့ ၄ ခုက အိန္ဒိယအစိုးရထံတောင်းဆို

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar