25 C
Yangon

မြန်မာ့အကျပ်အတည်းအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အလုပ် မဖြစ်ဘဲ လမ်းပြ မြေပုံသစ် တစ်ရပ် ဖော်ဆောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

Must read

ရန်ကုန်၊ ဇွန် ၂၀

အကြမ်းဖက်စစ်ကောင်စီက မတရား စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက် သည် အလုပ်မဖြစ်တော့ဘဲ ယင်းကို ကျော်လွန်၍ လမ်းမြေပုံသစ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်သည်။

ဇွန်လ ၁၈ ရက်နေ့ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ၏ ၅၆ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ထုတ် ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို တားဆီးရန် (သို့မဟုတ်) ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် အာဆီယံက ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်မူဘောင်ကနေ ကျော်လွန်ဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာပြည်သူတွေထံ ပြန်လည် ပေးအပ်နိုင်မယ့် လမ်းပြမြေပုံသစ် ဖော်ဆောင်ဖို့အတွက် ဩဇာကြီးမားတဲ့ နိုင်ငံတွေရဲ့ ပေါင်းစုအားတစ်ရပ်ကို ကျော ထောက်နောက် ခံပြုပြီး အားသစ်လောင်းရမှာပါ။ မြန်မာပြည်သူတွေ စားပွဲ၀ိုင်းမှာ နေရာရှိရပါမယ်။ ဆိုလိုတာက ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ လူငယ်တွေဆီ အရောက် လှမ်းဖို့ ၊ အခုအကျပ်အတည်းကို ဖြေရှင်းရာမှာ သူတို့တွေ အဓိပ္ပာယ်ပြည့်၀စွာ ပါဝင်ပတ်သက်ကြဖို့ပါ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုသည်။

မြန်မာနိုင်ငံမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မနက်ဖြန်အတွက် ယခုလက်ရှိ အခြေအနေမှ ပိုမိုအာရုံစိုက်မှု၊ ပိုမိုရင်းနှီးမြုပ်နှံမှု၊ ပိုမို ထက်သန်သော နိုင်ငံရေးစိတ်ဆန္ဒ၊ ပိုမိုလုပ်ဆောင်မှုများ ပေါင်းစပ်၍ ပြောင်းလဲမှုများ ဆောင်ကျဥ်းရန် ၎င်းက တိုက်တွန်းပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article