27.1 C
Yangon

ပခုက္ကူ၊ တင်းဂါတ်စစ်ဆေးရေးဂိတ်မှ ပျူစောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး စစ်ဆေးနေစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ် တပ် လက်ကိုင်တုတ် ပျူ စောထီး ၂ ဦးကို ဖမ်းဆီးရရှိခဲ့ကာ စစ်ဆေးမေးမြန်းနေစဉ် ခုခံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း Young Force – UG တပ်ဖွဲ့က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက် နေ့ ပခုက္ကူမြို့နယ် ၊ တင်းဂါတ်စစ်တပ်ဂိတ်စခန်းတွင် ပြည်သူအပါ် လက် နက်ပြ ခြိမ်းခြောက်ငွေညှစ်ရာ အလွန်ဆိုးရွားသူများဖြစ်သည့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီး စစ် သုံ့ ပန်း ဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များထံမှ လက်နက်လုယူထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ဖမ်း ဆီးခဲ့ရာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားများ၊ ပျူစောထီးများ အနေ ဖြင့် အသိတရားရရှိပြီး ပြည်သူ့နှ့င်အတူ ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လာရောက်ပူးပေါင်းကြရန်၊ လက် နက်နှင့်တကွ ဝင်ရောက်လာသူများကို လက်နက်အမျိုးအစားအလိုက် ထိုက်သင့်သည့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့ အလိုကျ စားနပ်ရိက္ခာဝယ်ယူပေးခြင်း၊ သယ်ယူပေးခြင်း စသည့် လုပ်ဆောင်ပေး နေသူများကိုလည်း ထောက်တိုင်အဖြစ်သတ်မှတ်၍ ပြတ်ပြတ်သားသားအရေးယူသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article