28 C
Yangon

မင်းကင်းမြို့နယ်၊ ကံရွာရှိ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ကံရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးနှင့် လက်နက်ကိုင် ပျူ‌စောထီး ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ပွဲ ဖြစ်ပွားရာ အနီးအနားရှိ စစ်စခန်းများရှိသော ကျေးတောင်ဦးနှင့် မင်းကင်းမြို့ တို့ကို ဆက်လက်တိုက်ခို က်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထပ်မံ ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။

“အခုလို ရန်သူ့လက်နက်ပစ္စည်းကိုပါ သိမ်းပိုက်နိုင်အောင် တိုက်ပွဲဆင်နိုင်ဖို့ ၁ လတာကြာအောင် အချိန်ယူခဲ့တယ်။ တူတာတွဲလုပ်ဖို့အတွက် မတူတာညှိနှိုင်းရတဲ့ ဆွေးနွေးမှုတွေ စုဖွဲ့လေ့ကျင့်မှုတွေ တိုက်ပွဲတွင်း အမိန့်နာခံမှု အားကောင်းဖို့ပါ ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီရွာက ပျူရွာဆိုပေမယ့် စစ်သားအများစုရှိကြတယ်။ တပ်ကြပ်ကြီးအဆင့်လည်း ထိုင်ထားတယ်။ အဲ့ဒီပွဲမှာပဲ တပ်ကြပ်ကြီး ၁ ဦးထိတယ်လို့ သိရတယ်။ သေသလား ရှင်သလားတော့ သေချာမသိရဘူး။ အဲ့ဒီအနီးနား တဝိုက်မှာ ပျူရွာတွေ ပတ်လည်ရှိတာဆိုတော့ အဲ့ဒီဘက်ကို ထွက်ပြေးကြတယ်။ အဲ့ဒီအနား နောက်တရွာမှာဆို စစ်ဗိုလ်အဆင့်ထိုင်တဲ့ ရွာတွေပါရှိပါတယ်။ ကျနော်တို့ အဲ့ဒီရွာကို ဝင်စီးပြီး ရှင်းလင်းတဲ့အခါ ကင်းစခန်းတွေမှာ လက်နက်ကိုင်တွေမရှိတော့ဘူး။ ခုနောက်ဆက်တွဲသိရသလောက် အဲ့ဒီရွာအနီးမှာ ကင်းအဖြစ်လောက်သာ ထားရှိတော့တယ်လို့ သိရပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီ က ပြောဆိုသည်။

စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ Carbine ၁ လက်၊ Carbine ကျည်ဘောက် ၃ ခု၊ ပွိုင့် ၃၀ ကျည် ၂၅၉ တောင့်၊ ၅.၅၆ ကပစ ကျည် ၄၀ တောင့် ၊ ၇.၆၂ ကပစ ကျည် ၃၃၀ တောင့်၊ BA-63 ကျည်ဘောက် ၂ ခု၊ရှေ့ထွက်မိုင်း ၃ လုံး၊ နင်းမိုင်း ၇ လုံး၊လက်ပစ်ဗုံး ၁ လုံးနှင့် Drone Jammer ၁ ခု တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (P.R.F) ၊ Min Kin Local PDF Unionတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article