26 C
Yangon

ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်နှင့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်နှင့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇွန် ၂၁

အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်မြို့ နယ်နှင့် နောင်ချိုမြို့နယ်တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ ခြင်း၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း TNLA က သတင်းထုတ် ပြန်သည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန် မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကဂျက်လေယာဥ် ၂ စင်းဖြင့် လာရောက်​ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်အိမ် ထိခိုက်ပျက်ဆီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင်လည်း မိုးကုတ်မြို့ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၄၅ မမ လက် နက်ကြီး အမျိုးအစားဖြင့် ဆလောင်းတောင်အနီးသို့ ၄ လုံးဖြင့်လည်း ကောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၈ မိနစ်အချိန်တွင် ညောင်ကုန်းရွာသို့ လက်နက်ကြီး ၂ လုံးဖြင့်လည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နောင်ချိုမြို့ နယ်၊ အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ အချိန် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး၊ ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article