27 C
Yangon

စစ်အာဏာသိမ်းပြီးနောက် KNU အုပ်ချုပ်ရေးနယ်မြေများတွင် စစ်ဘေးရှောင် ပြည်သူ ၁ သန်းကျော်ရှီလာပြီး ၆ သိန်းကျော်ကို KNU က ကူညီနိုင်ခဲ့

Must read

စစ်အာဏာသိမ်းပြီးနောက် KNU အုပ်ချုပ်ရေးနယ်မြေများတွင် စစ်ဘေးရှောင် ပြည်သူ ၁ သန်းကျော်ရှီလာပြီး ၆ သိန်းကျော်ကို KNU က ကူညီနိုင်ခဲ့

ရန်ကုန်၊ ဇွန် ၂၁

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် KNU အုပ်ချုပ်ရေးနယ်မြေများတွင် စစ်ဘေးရှောင် ပြည်သူ ၁ သန်းကျော်ရှီလာပြီး ပြည်သူ ၆ သိန်းကျော်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) က ကူညီနိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့် အချိန်မှစပြီး ၂၀၂၄ ခုနှစ် မေလအထိ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု စုစုပေါင်း ၁,၀၇၈,၅၀၅ ဦးအထိရှိလာခဲ့ကာ KNU က ပြည်သူ စုစုပေါင်း ၆ သိန်းကျော် ကိုကူညီနိုင်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ လူထုများအားလုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများရရှိအောင် လုပ်ဆောင်နေလျက်ရှိကြောင်း KNU က ပြောဆိုသည်။

ညောင်လေးပင်ခရိုင်- KNU တပ်မဟာ-၃နယ်မြေတွင် စစ်ဘေးရှောင် ပြည်သူ ၄၉၄,၅၀၀ ကျော်၊ ဒူးပလာယာခရိုင် – KNU တပ်မဟာ – ၆နယ်မြေတွင် စစ်ဘေးရှောင် ပြည်သူ ၁၅၀,၀၀၀ ကျော်၊ ဒူးသထူခရိုင် – KNU တပ်မဟာ-၁ နယ်မြေ တွင် စစ်ဘေးရှောင် ပြည်သူ ၁၄၃,၀၀၀ ကျော်၊ ဘိတ်-ထားဝယ်ခရိုင်- KNU တပ်မဟာ-၄ နယ်မြေတွင် စစ်ဘေးရှောင် ပြည်သူ ၁သိန်းကျော်၊ တောင်ငူခရိုင်-KNU တပ်မဟာ-၂ နယ်မြေတွင် ပြည်သူ ၈၃,၀၀၀ ကျော်၊ ဖာပွန်ခရိုင်- KNU တပ်မဟာ – ၅ နယ်မြေတွင် ပြည်သူ ၇၈,၀၀၀ ကျော်၊ ဖားအံခရိုင်-KNUတပ်မဟာ – ၇ နယ်မြေတွင် ပြည်သူ ၂၃,၀၀၀ကျော် အသီးသီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ သောင်ရင်းမြစ်ကို ဖြတ်၍ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article