29 C
Yangon

လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး၊ လားရှိုးမြို့တွင် စစ်လက်နက် ကြွင်းကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပြင်းထန်ဒဏ်ရာရ

Must read

လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး၊ လားရှိုးမြို့တွင် စစ်လက်နက် ကြွင်းကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၂

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ပေါက်ကုန်းကျေးရွာ အနောက်ပိုင်းရွာထိပ်တွင် ကျရောက်ပေါက်ကွဲပြီး ပေါက်ကုန်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် နော်လားပွယ်စေး လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်းသိရှိရသည်။

ဇွန်လ ၁၈ ရက်နေ့တွင် နံနက် ၇ နာရီနှင့် ညနေ ၅ နာရီ ၁၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၅၅ မမ ၇ လုံး နှင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၄ လုံး စုစုပေါင်း ၁၁ လုံး ပစ်ခတ်ခဲ့ရာ လက်ကောက်ဝကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ဒလဆိပ့်ကျေးရွာ၊ ချိုအင်း ကျေးရွာအနီးနှင့် ရေတွင်းကုန်း ကျေးရွာတို့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရေတွင်းကုန်းကျေးရွာရှိ စောဖားဟဲ ၊စောအယ်ခူနှင့် အောင်သန်းဇော် တို့၏ နေအိမ် စုစုပေါင်း ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့ ရပ်ကွက် ၇ နယ်မြေ ၆ ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက် ကြွင်းကျန် ၁ ခု ပေါက်ကွဲ၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နှစ် ဖက်ပြတ်ကာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား ရေးဌာနထံမှ သိရှိရသည်။

အဆိုပါ ကလေးငယ်များသည် ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် စစ်လက်နက်ကြွင်း ကျန်တစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်မှာ မျက်လုံးပါထိခိုက်ခဲ့ပြီး ကျန်သည့်ကလေးငယ်များမှာ နှဖူး၊ ခြေထောက်၊ မျက်နှာစသည့်နေရာမျာတွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အသက် ၁၀ အရွယ်ကလေးငယ် ၁ ဦးသာ မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိထားကြောင်း၊ ထိုကလေးငယ်များသည် လက်ရှိချိန်တွင် လားရှိုး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား ရေးဌာနထံမှသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article