30 C
Yangon

နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေ

Must read

နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေ

ရန်ကုန်၊ ဇွန် ၂၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်တန်းကျေးရွာကို ရွာလုံးကျွတ် မီးတင်ရှို့နေပြီး ကျေးရွာအတွင်းမှ နေအိမ်အများအပြား မီးလောင်ကျွမ်းနေကြောင်း၊ ကျေးရွာမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ စစ်တပ်က ကျောက်တန်းရွာထဲကို မီးဝင်ရှို့တာပဲ။ အခုထိလည်းရှို့နေတုန်းပဲ။ ပြည်သူတွေကတော့ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာအပြင်ကနေ ကြည့်တာ မီးခိုးလုံးတွေ မည်းမည်းနဲ့ အတော်ကိုများတယ်။ ရွာလုံးကျွတ် မီးလောင်နေတဲ့သဘောရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းများ ခွဲ၍ ထိုးစစ်ဆင်လျက်ရှိပြီး ကျေးရွာများကို မီးတင်ရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းနှင့် စားနပ်ရိက္ခများကိုလည်း လုယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော ကျေးရွာတစ်ချို့၏ မြင်ကွင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article