28 C
Yangon

Breaking News- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်း တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်

Must read

စစ်ကောင်စီက မိုးကုတ်၊ နောင်ချို၊ ကျောက်မဲတို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့ နံနက် ပိုင်း အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကျောက်မဲမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့နယ် နေရာအနှံ့အပြားတွင် အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲများဖြစ်ပွားသံကြားရကြောင်း၊ လက်ရှိတွင် ကျောက်မဲမြို့မှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး ပစ်ခတ်မှုများ အခြေအနေဆိုးလာပါက စစ်ဘေးရှောင်ရမည့် အခြေအနေများ ရှိလာနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီမနက် ၆ နာရီ ၃၀ မိနစ်မှာ တိုက်ပွဲဖြစ်တယ်။ ငြိမ်ချမ်းရေးကုန်းနားနဲ့ စခန်းသာဘက်မှာ ပစ်ခတ်မှုတွေဖြစ်နေတာ။ တစ်မြို့လုံးတော့ ပစ်ခတ်သံတွေ အကျယ် ကြီးကြားနေရတယ်။ အခြေအနေဆိုးလာရင်တော့ ပြေးရမယ်ထင်တယ်။ ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်တော့ ကျိုးပေါက်သွားပြီထင်တယ်။ သတင်းတွေထွက်နေတာက မိုးကုတ်မှာ တိုက်ပွဲဖြစ်မယ်လို့ သတင်းထွက်တာ။ အခုက ကျောက်မဲမှာ လာဖြစ်နေတယ်” ဟု ကျောက်မဲမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျောက်မဲမြို့မှ ပြည်သူများက ကျောက်မဲ စခန်းသာ တောင်ဘက်တွင် တိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ စုံစမ်းပြီးမှ သွားလာကြရန် အသိပေးပြောဆိုသည်။

“စခန်းသာ တောင်ဘက်မှာ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးကုန်းနားလို့လည်းပြောတယ်။ စစ်တပ် ၅၀၂ ကလည်း လက်နက်ကြီးတွေ ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ကျောက်မဲမြို့နယ် ကျောက်မဲလေးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဟိုခိုကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၄လုံး ပစ်ခတ်ခဲ့ကြောင်း ၊ နောင်ချိုမြိုနယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ နံနက် ၉ နာရီ ၃၅ မိနစ် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်က စလောင်တောင်အနီးတဝိုက်သို လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန် နောင်ချိုမြို့နယ် အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ကျေးရွာသို လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တအာင်းတပ်မတော် PSLF/TNLA တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဘုန်းတော်ကြီးကျောင်း ဆောင်များနှင့် အရပ်သားပြည်သူနေအိမ်များ ၅ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ရကြောင်း၊ ပြည်သူ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ခြင်းနှင့် အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဉီးလည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – TNLA တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

TNLA တပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article