30 C
Yangon

တန့်ဆည်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၄ ခုအထိရှိလာ

Must read

တန့်ဆည်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၄ ခုအထိရှိလာ

ရန်ကုန်၊ ဇွန် ၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စစ်ကောင်စီကို သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လိုက်ကြပြီး သပိတ်မှောက်သည့် မြို့နယ် ၄ ခုအထိရှိလာကြောင်း သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ သံဃာ တော်များကလည်းကောင်း အသီးသီး စစ်ကောင်စကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြကြောင်း၊ ယခုအခါ စစ်ကောင်စီကို ကံဆောင် သပိတ်မှောက်သည့် မြို့နယ် ၄ ခုအထိရှိလာကြောင်း သိရှိရသည်။

စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ် ကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article