27 C
Yangon

ဖားကန့်၊ ဆိုင်းတောင် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဖားကန့် ဗျူဟာမှူး ဖားကန့်ဆေးရုံတွင် သေဆုံး၊ ဆိုင်းတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖားကန့် ရဲတပ်ရင်းမှူး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

Must read

ဖားကန့်၊ ဆိုင်းတောင် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဖားကန့် ဗျူဟာမှူး ဖားကန့်ဆေးရုံတွင် သေဆုံး၊ ဆိုင်းတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖားကန့် ရဲတပ်ရင်းမှူး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဖားကန့် ဗျူဟာမှူး ဖားကန့်ဆေးရုံတွင် သေဆုံးသွားပြီး ဆိုင်းတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဖားကန့် ရဲတပ်ရင်းမှူး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာအနီး KIA နှင့် အကြမ်းဖက် စစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖားကန့် ဗျူဟာမှူး ဖားကန့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဇွန်လ ၂၆ ရက်နေ့၌ သေဆုံးသွားကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဆိုင်းတောင်ရဲစခန်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အစည်းအဝေး ပြုလုပ်နေစဥ် KIA က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဖားကန့် ရဲတပ်ရင်းမှူး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရဲတပ်ရင်းမှူးက ဒီမနက် ဆိုင်းတောင်ရဲစခန်းမှာ သူတို့ အစည်းအဝေးလုပ်နေတုန်း KIA က drone နဲ့ ဗုံးလာကျဲတဲ့ထဲမှာ သေတာ ရဲ ၁၀ ကောင်သေတယ်။ ၆ ကောင် ဒဏ်ရာပြင်းထန်တယ်။ ဆိုင်းတောင်ရွာအနီး တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖားကန့် ဗျူဟာမှူးကတော့ ဖားကန့် ဆေးရုံမှာ ဒီနေ့ သေပြီလို့ သိရတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article