27 C
Yangon

နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ မြို့နယ်တို့တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်စခန်း ၂၄ ခုကို TNLA က သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး၊ စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ မြို့နယ်တို့တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်စခန်း ၂၄ ခုကို TNLA က သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး၊ စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၆

ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်စခန်း ၂၄ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး၊ စစ်သား အလောင်း ၂၀ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။

ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့ တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ရမခ (၁၁၅) ၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီး စသည့် စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မိုးကုတ်မြို့နယ်ရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၅၁ လက်၊ RPG – 7 ၁ လက်၊ ၆၀ မမ ၁ လက်၊ စက်လတ် ၁ လက်၊ ကား ၂ စီး၊ ဒရုန်းကာကွယ်သည့် ဂျမ်ဘာ၊ စက်သွယ်ရေး ပစ္စည်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပြီး စစ်သား အလောင်း ၂၀ နှင့် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီ တပ်သား ၁၇ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရဿည်။

ယနေ့ ဇွန်လ ၂၆ ရက်နေ့ ညနေ ၇ နာရီအထိ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို အကြမ်းဖက် စစ်တပ်က Y-12 ထောက်ပို့ လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ပြီး Jet fighter ၁ စီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article