30 C
Yangon

မိုးကုတ်ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များက ၀ိုင်းထားပြီး ရဲစခန်းအနီးမှ နေအိမ်များ ရွှေ့ပြောင်းချိန်ပေးထား

Must read

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အနောက်ခြမ်း ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များက ၀ိုင်းထားပြီး ရဲစခန်းအနီးမှ နေအိမ်များကိုလည်း ရွှေ့ပြောင်းချိန်ပေးထားကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်အထိ မိုးကုတ်ကျပ်ပြင်ရဲစခန်း ပတ်ပတ်လည်တွင် တော်လှန်ရေးတပ်များရှိနေပြီး ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေကြောင်း၊ လက်နက်ချရန် ပြောဆိုမှုများရှိနေပြီး ရဲစခန်းအနီးမှ နေအိမ်များကိုလည်း ပြောင်းရွှေ့ရန် အချိန်ပေးထားမှုများရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မိုးကုတ် ကျပ်ပြင်ရဲစခန်းက နဂိုကတည်းက အင်အား မရှိတာပါ။ ရွှေမြင်ဝင်းနားက တောအုပ်ရယ် အေးစေတီ(စစ်တပ်ကုန်း) ရယ် မစိုးရိမ်ကျောင်းနဲ့ ရွှေမြင်ဝင်းကြားထဲရယ် စခန်းချနေကြတာ။ အခု အဲဒီဘက်နားတစ်၀ိုက်က နေအိမ်တွေကို အကုန်ရွှေ့ခိုင်းနေတယ်။ ပြည်သူတွေ ထိမှာစိုးလို့ တော်လှန်ရေးတပ်တွေက အချိန်ပေး​ရွှေ့ခိုင်းနေတဲ့သဘောပဲ။ အခု မွန်းတည့် ၁၂ နာရီ မတိုင်ခင်ထိ စခန်းနားတဝိုက်မှာ ရွှေ့နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မိုးကုတ်မြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကိုTNLA တပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article