27 C
Yangon

စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာသား ဦးစိုးအောင်ကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ပြီး မိန်းမ ဖြစ်သူကို မုဒိမ်းကျင့်ရန် ကြံစည်

Must read

စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာသား ဦးစိုးအောင်ကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ပြီး မိန်းမ ဖြစ်သူကို မုဒိမ်းကျင့်ရန် ကြံစည်

ရန်ကုန်၊ ဇွန် ၂၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာသား ဦးစိုးအောင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ပြီး မိန်းမ ဖြစ်သူကို မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွာသာယာရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက ထုံးကြီးရွာတွင် ရိက္ခာဝယ်ယူပြီး သံခွံမော်တော် ပြန်လာစဉ် ဧရာဝတီမြစ်အတွင်း ရေမျှောထင်းများ ဆယ်ယူနေသော မြစိမ်းရွာသား ကိုစိုးအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးခံရပြီးနောက် ကိုစိုးအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ မသီတာအေးက အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကန်တော့၍ တောင်းပန်ခဲ့သော်လည်း ယောကျာ်းဖြစ်သူ ကိုစိုးအောင်ကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့ပြီး ဇနီးဖြစ်သူ မသီတာအေးကို မုဒိမ်းကျင့်ရန် ကြံစည်နေစဉ် ရေထဲခုန်ချ၍ ထွက်ပြေးသောကြောင့် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ပစ်သတ်သွားတာ မနက်က ဦးစိုးအောင် အသက် ၄၅ နှစ် ဘာတိုက်ပွဲမှမရှိဘူး။ ထုံးကြီးကနေ ရိက္ခာဝယ် ပီးအပြန်မှာ စစ်ခွေးတွေ ဖမ်းဆီး သတ်ဖြတ်သွားတာ” ဟု စဉ့်ကူးမြို့နယ် ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြစ်ကမ်းဘေးရှိ အေးသာယာရွာထဲကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့​ဆောင်ကုသ​နေရ​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article