26 C
Yangon

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် NUG ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

Must read

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် NUG ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇွန် ၂၇

တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့ တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဇွန်လ ၂၀ ၊ ၂၁ နှင့် ၂၄ ရက်နေ့များတွင် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Mariano Assanami Sabino၊ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Bendito dos Santos Freitas၊ ပညာရေးဝန်ကြီး Dulce de Jesus Soares၊ ကျန်းမာရေးဝန်ကြီး Dr. Elia A. A. dos Reis Amaral၊ ဒုတိယကျန်းမာရေးဝန်ကြီး Dr. Flavio Brandao တို့နှင့် တွေ့ဆုံ၍ မြန်မာနှင့် တီမောလက်စ်တီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သူ့တော်လှန်ရေး အောင်မြင်ရေး ကိစ္စရပ်များအပါအဝင် မြန်မာ့အရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article