27 C
Yangon

နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၈

နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အရပ် သား ၃ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက်နေ့ ကျောက်မဲမြို့ ရပ်ကွက် ၂ ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက် ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ နောင်ချိုမြို့တွင် ယမန်နေ့ ညနေပိုင်း လက်နက်ကြီးကျရောက်ပေါက်ကွဲရာ ရပ်ကွက် ၄ ရှိ အသက် ၂၇ နှစ်အရွယ် ကျော်နန္ဒာဉီးဆိုသူ၏ ခြေထောက်တစ်ဖက်ထိမှန်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နောက်ချိုမြို ရပ်ကွက် ၄ တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မချယ်ရီထိန်းနှင့် အသက် ၁၆ နှစ်အရွယ် မထက်ရီဝင်း အမျိုးသမီး ၂ ဦး သည် ဆိုင်ကယ်မောင်းနေစဥ် စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ မိုးကုတ်မြိုအနောက်ပိုင်း ကသဲရပ်တွင်လည်း မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် လက် နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဉီးထိမှန်သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် မိုးမိတ် ဖဒန်ရွာ၌လည်း မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံး ၂ ကျဲချရာ အရပ်သားနေအိမ် ၂ လုံးထက်မနည်းထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ ကျောက်မဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၅ ဉီးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဉီးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ကျောက်မဲမြို့နယ်၊ ငြိမ်းချမ်းရေးကုန်းရှိ အောင်မြေသာယာဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးပညာရေးကျောင်းထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article