27 C
Yangon

မြန်မာ-ထိုင်း နယ်ခြားကော်မတီ အစည်းအဝေး မြိတ်မြို့တွင် ကျင်းပနေပြီး ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်များ တက်ရောက်နေ

Must read

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို သင်္ဘောဖြင့် ရေလမ်းခရီးမှ ကုန် သွယ်သည့်စနစ်သို့ တရားဝင် ပြောင်းလဲ

ရန်ကုန်၊ ဇွန် ၂၈

၃၆ ကြိမ်မြောက် မြန်မာ- ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးကို မြိတ်မြို့တွင် ကျင်းပလျက်ရှိပြီး ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်များ တက်ရောက်နေကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့ အထိ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် မြန်မာ-ထိုင်းနယ်ခြားကော်မတီ၏ ထိုင်းဘက် ပူးတွဲ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး Prasan Saengsirirak ၊ ပူးတွဲအတွင်းရေးမှူး ဗိုလ်ချုပ် Sombat Boongorkaew တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က တက်ရောက်လျက်ရှိကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် ထိုင်းစစ်ဗိုလ်ချုပ်များသည် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်မှုကို ပုံစံသစ်အဖြစ် ရန်ကုန် – ကော့သောင်း – ရနောင်း ကွန်တိန်နာ သင်္ဘောဖြင့် ရေလမ်းခရီးမှ ကုန်သွယ်သည့်စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန် – ကော့သောင်း – ရနောင်း ကွန်တိန်နာစနစ်စတင်လိုက်ကြောင်း၊ အဆိုပါ ကုန်သွယ်မှုစနစ်အရ GOLD SHIPPING AGENCY SERVICES LIMITED မှ သင်္ဘောဖြစ်သည့် MV. Beypore Sultan သည် မြန်မာ့ပို့ကုန် ပြောင်းဆံများကို သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ ယနေ့ စတင်ထွက်ခွာကြောင်း သိရှိရသည်။

ထို့ပြင် အပြန်တွင် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများကို သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည် သယ်ယူလာမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် စီးပွားရေးသမားများ အနေဖြင့် မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်းစစ်ကောင်စီက တရား ဝင် ထုတ်ပြန်ကြေညာသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် ကရင် ပြည် နယ်- မြ၀တီ-ရန်ကုန် အာရှလမ်းမကြီး၊ ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ်၊ ကရင်နီပြည် ကုန်သွယ်ရေးလမ်းကြောင်းများအားလုံးမှာ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ရပ်ဆိုင်းနေပြီဖြစ်သည်။

ဓာတ်ပုံ – ယမန်နှစ် ၃၅ ကြိမ်မြောက် မြန်မာ- ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ဓာတ်ပုံဖြစ်ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article