25.4 C
Yangon

နွားထိုးကြီးနှင့် ရေစကြိုတွင် စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး

Must read

နွားထိုးကြီးနှင့် ရေစကြိုတွင် စစ်တပ်စစ်ကြောင်းကို ပစ်ခတ်မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့ နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ လက် သမားကန်ကျေး ရွာအတွင်းသို့ ဖောကား ၊ အိမ်စီးကား ၂ စီးဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၄၀ ခန့်သည်လက်သမား ကန်ကျေးရွာမှ လက်ဝဲရွာ၊ မြင်းနီရွာဘက်သို့ လက် နက်ကြီး ၈ ချက်လှမ်းပစ်ကာ နံနက် ၆ နာရီ ၄၅ မိ နစ်အချိန်ခန့်တွင် လက်ဝဲရွာထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက်လာစဉ် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ညာခြေသ လုံး ကျည်ရှပ် ထိဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ကန်ဆင့်မြောက် ရွာထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။

ကန်ဆင့်မြောက်ရွာမှ ပြန်လည်ထွက်လာသော အကြမ်းဖက်စစ်သားများကို မြင်းခြံမြို့နယ် ပကဖ , ကိုစွန်ရဲ ပြောက်ကျားတပ်ဖွဲ့နှ့င်မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်းတို့က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခု စခစစ်ကြောင်းက မြင်းခြံမြို့ပေါ်ပြန်ရောက်သွားပြီ။ မြင်းခြံကနေ ကွမ်းစိုက်ကျေးရွာဘက်ကို ထွက်၊ ကွမ်းစိုက်ကျေးရွာမှာ ၂ ညအိပ်ပြီး ဒီမနက်မှ လက်သမားကန်ကျေးရွာဘက်ကို ကူးလာတာ” ဟု နွားထိုးကြီးမြို့နယ်သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့် မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသော ပျူစောထီးတစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“မသေဘူးဗျ၊ ဗိုက်တော့ ပွင့်ထွက်သွားတယ်၊ အဲဒါကို မသေဘူး။ ရေစကြိုဆေးရုံကြီးမှာ ဆေးကုနေ တယ်။ ဖြစ်တာက ၂ ခါဖြစ်ခဲ့တာ၊ ပထမ တစ်ခါဝင်ပစ်တော့ ဒီကောင်တွေဘက်က တစ်ယောက်ထိ သွား တယ်၊ ထိသွားတော့ ကျနော်တို့ ထွက်လမ်းကို လာပိတ်တဲ့အတွက် အရန်သင့်စောင့်နေတဲ့ ရဲဘော်တွေနဲ့ ဆက် ဖြစ်တာ၊ သူတို့ဘက်ကတော့ ၆၀ တွေရော ၈၁ တွေရော ငါးကြင်းမြီးတွေရော သုံးတယ်၊ ကျနော်တို့ ဘက်ကတော့ လက်နက်ငယ်နဲ့ပစ်တယ်၊ နောက်ပိုင်း ၄၀ မမ လက်နက်နဲ့ပဲ ပစ်ခတ်ခဲ့တာ၊ အပြန်အ လှန်ပစ်ခတ်တာ နာရီ ဝက်လောက်တော့ ကြာခဲ့ပါတယ်” ဟု Myingyan Black Tiger (MBT) တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် ညီနောင် မဟာမိတ်များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article