26 C
Yangon

သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇွန် ၂၉

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် 3601 (PPDF) တပ်ရင်း တပ်ခွဲ ၃ (Wisdom 2) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ဆင်းမြီးဆွဲမြိုတိုက်နယ်၊ ဇီးကုန်ကျေးရွာအနီး ပေါ်တာဆွဲရန် လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် 3601 (PPDF) တပ်ရင်း တပ်ခွဲ ၃ (Wisdom 2) အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ညအချိန် ကျေးရွာတွေအတွင်း ဧည့်စရင်းစစ်ဖို့ အကြောင်းပြပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတာကြောင့် အခုလို လုပ်ရခြင်းဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ တပ်သားတွေ အနီး နီးကပ်စွာမနေဘဲ ရှောင်တိမ်းသွားလာကြဖို့ ပြောချင်ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် 3601 (PPDF) တပ်ရင်း တပ်ခွဲ ၃ (Wisdom 2) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်း ခရိုင် ဒရုန်းတပ်ရင်း-SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇွန်လ ၂၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှ ၆ နာရီ ၃၀ မိနစ်အချိန်အထိ စစ်ကိုင်းမြို့နယ်၊ ဆား တောင်မြို့မရဲစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1.5 kg AIR BOMB ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ GTR အမှတ် ၂ တပ်ရင်း နှင့် Phoenix SGG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article