25 C
Yangon

ဘုတလင်မြို့နယ် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၀ ခုအထိ ရှိလာ

Must read

ဘုတလင်မြို့နယ် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၀ ခုအထိ ရှိလာ

ရန်ကုန်၊ ဇွန် ၂၉

ဘုတလင်မြို့နယ် သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး သပိတ်မှောက်သည့် မြို့နယ် ၁၀ ခု အထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာ့သပိတ်ကို ဘုတလင်မြို့နယ်မှ သံယာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာ့သပိတ်ကို ပူးပေါင်းပါဝင်လာသည့် မြို့နယ် ၁၀ ခုထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ် မှ သံဃာတော်များ ပူးပေါင်း ပါဝင်ခဲ့ပြီး ယနေ့ဇွန်လ ၂၉ ရက်နေ့တွင် အရာတော်မြို့နှင့် ဘုတလင်မြို့နယ်မှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article