26 C
Yangon

ကရင်ပြည်နယ်၊ မြ၀တီဘက်အခြမ်းရှိ တရားမဝင် တပ်ဆင်ထားသော ထိုင်းအင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖြတ်တောက်

Must read

ကရင်ပြည်နယ်၊ မြ၀တီဘက်အခြမ်းရှိ တရားမဝင် တပ်ဆင်ထားသော ထိုင်းအင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖြတ်တောက်

ရန်ကုန်| ဇွန် ၃၀

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီဘက်အခြမ်းရှိ တရားမဝင် တပ်ဆင်ထားသော ထိုင်းအင်တာနက် ကေဘယ်လ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖြတ်တောက်လိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ်သည့် မြ၀တီ-မဲဆောက်တွင် ထိုင်းဘက်မှ မြန်မာဘက်သို့ မြေအောက်ကနေ တဆင့် တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာ ဏာပိုင် ပူးပေါင်းအဖွဲ့က စစ်ဆေး ဖြတ်တောက်လိုက်ကြောင်း၊ အဆိုပါ ကေဘယ်ကြိုးလိုင်းများကို ဇွန် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး ဖြတ်တောက်လိုက်ကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရ သိရ သည်။

ထိုင်းနိုင်ငံ တာ့ပ်ခရိုင် မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နှင့် မယ်လမတ်မြို့နယ်တို့မှတစ်ဆင့် ကရင် ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နယ်ဘက်ရှိ ဝမ်ယာနှင့် ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် ကာစီနိုလောင်းကစားရုံတို့တွင် အသုံးပြုရန် တရားမဝင် မြေအောက်လမ်းမှ ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများ ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက ဆိုသည်။

ထိုင်းဘက်မှ မြန်မာဘက်သို့ တရားမဝင် တပ်ဆင်ထားသည့် အဆိုပါ မြေ အောက် အင်တာနက် ကေဘယ်ကြိုးလိုင်း နေရာ ၅နေရာ အနက် ၃ နေရာကို တာ့က်ခရိုင် ရဲတပ်ဖွဲ့ က ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ သွား ရောက် စစ်ဆေးဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်အာဏာပိုင်များက အင်တာနက် ကေဘယ်လ်လိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ ဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး စမ်မလစ် အေကမွန်က ဇွန် ၂၈ ရက်နေ့က MAESOT POLICE STATION တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

တရားမဝင် အင်တာနက်လိုင်းများ သွယ်ယူမှုများနှင့်ပတ်သက်၍ ပါဝင်သူများကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိနိုင်‌ရန် တာ့ပ်ခရိုင်ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article