27 C
Yangon

ပြင်ဦးလွင် သသနတပ်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သည် ၁၂ ဦး တိုက်ပွဲတွင် သေဆုံးမှု နာရေး တရားဝင် လုပ်ခွင့်မရ

Must read

ပြင်ဦးလွင် သသနတပ်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သည် ၁၂ ဦး တိုက်ပွဲတွင် သေဆုံးမှု နာရေး တရားဝင် လုပ်ခွင့်မရ

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်း၊ ပြင်ဦးလွင်အခြေစိုက် လက်ရုံးတပ်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါ အဝင် စစ်သည် ၁၂ ဦး တိုက်ပွဲတွင် သေဆုံးမှု နာရေး တရားဝင် လုပ်ခွင့်မရကြောင်း တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ပြင်ဦးလွင်ရှိ လက်ရုံးတပ်များဖြစ်သော တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သည်များသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် စနိုက်ပါဖြင့် ပစ်ခတ်ခံရခြင်း၊ တိုက်ပွဲတွင် ကျည်ထိမှန်ခြင်းတို့ကြောင့် သေဆုံးခဲ့ရကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်၏ တပ်ရင်းမှူး၊ ဗိုလ်ချုပ်များက နာရေးကို တရား ဝင် ဖိတ်ကြား၍ မလုပ်ရန်၊ နာရေးလုပ်သည့် ဓာတ်ပုံ၊ ဖိတ်စာများကို လူမှုကွန်ရက်တွင် မတင်ရန် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။

“ပြင်ဦးလွင် သသန တပ် ဒုတိယဗိုလ်မှူးကြီးတစ်ဦး။ ဗိုလ်သင်တန်းအပတ်စဉ် DSA ၄၃ က နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာနားမှာ စနိုက်ပါ မိပြီး ဆုံးတယ်။ အဲဒါ နာရေးကို တရား ဝင် လုပ်ခွင့်မရဘူး။ မှောင်ခိုလုပ်ရတယ်။ နောက်တစ်ခါ ဗိုလ်ကြီးဇင်မင်းထွန်း -DSTA အပတ်စဥ် ၁၆ ကျောင်းဆင်း လည်း သေဆုံးတယ်။ အဲဒါလည်း နာရေးလုပ်ခွင့်မရဘူး။ သူတို့ ၂ ဦးလုံးရဲ့ နာရေး ရက်လည် ပြီးသွားပြီ။ ဒါပေမယ့် နာရေးကို မှောင်ခိုလုပ်ရတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)၏ တပ်မှူး ဗိုလ်ချုပ် စိုးမြင့်မောင်က သေဆုံးသွားသည့် ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ် ကြီး အပါအဝင် စစ်သည် ၁၂ ဦးကို ပျောက် ဆုံးစာရင်းအဖြစ်သာ အထက်သို့ တင်ပြထားကြောင်း၊ တိုက်ပွဲ ကျဆုံးသည်ဟု မတင်ပြကြောင်း သိရှိရသည်။

“ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီး အပါ ၁၂ ဦး က ​ပျောက်ဆုံးဆိုပြီး သသန တပ်မှူး ဗိုလ်ချုပ် စိုးမြင့်​မောင်က အထက်မှာ မျက်နှာပန်းမလှမှာစိုးလို့ ​တင်ပြတယ်။ ကျန်လူ​တွေ စစ်တိုက်ခိုင်းလို့မရမှာစိုးတာကြောင့်လည်း ပါတယ်။ နာ​ရေးရှင်​အပါအဝင်အကုန်လုံးကို နာရေးနဲ့ပတ်သက်တာ လုံးဝ အကုန် ပိတ်ခိုင်းထားတာပါ။ တင်ရင် အ​ရေးယူမယ် အမိန့်ထုတ်တယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးမှု များပြားနေသည့်အတွက် လက်ရုံးတပ်များ၊ ပညာသည် အရာရှိနှင့် စစ်သည်များကိုပါ ရွေးထုတ်၍ စစ်တိုက်ခိုင်းမှုများကို တောက်လျောက်ဆိုသလို ဆောင်ရွက်လျက်ရှိကြောင်း တပ်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဓာတ်ပုံ- ယခုနှစ် ဧပြီလအတွင်း ကချင်ပြည်နယ်၊တွင် သေဆုံးခဲ့သည့် တပ်မ ၃၃ မှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း နှင့် ရဲဘော်များ၏ နာရေး အသုဘ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article