29 C
Yangon

တောင်တွင်းကြီးမြို့နယ်တွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် ရဲတပ်ကြပ်ကြီး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

တောင်တွင်းကြီးမြို့နယ်တွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် ရဲတပ်ကြပ်ကြီး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ရန်ကုန်၊ ဇွန် ၃၀

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် ရဲတပ်ကြပ်ကြီး လင်မယားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့တွင် မွန်းလွဲ ၁ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ ဆက်သွားနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး လှိုင်မြင့်နှင့် မိန်းမဖြစ်သူ မြင့်မြင့်ရီကို တော်လှန်ရေး တပ်ဖွဲ့များက မကွေး-တောင်တွင်းကြီး လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရဲတပ်ကြပ်ကြီး မြင့်လှိုင်ဆိုသူသည် သစ်ကား၊ ဝါးကား၊ ဝက်ကားနှင့် နွားကားများ ထံမှ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်းနှင့် မိန်းမဖြစ်သူ မြင့်မြင့်ရီသည် နေ့ပြန်တိုး ၊ လစဉ်တိုး လုပ်ငန်းများ မတရားလုပ်ဆောင်ခြင်း PDF များကို စိန်ခေါ်ခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင်က ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Mayway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ၊ Yenanthar Youth Force (ရေနံချောင်း) ၊ Taungdwingyi Fighter Force (LPDF) နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်မှန်သမျှ ဖက်ဆစ် အာဏာရှင် ကျဆုံးချိန်အထိ တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article