27 C
Yangon

ဆန်စျေးနှုန်း ကြီးမြင့်အောင် ရောင်းချသည်ဟုဆိုကာ စီးတီးမတ်ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာ၊ Orange ၊ One Stop Mart မှ တာဝန်ရှိသူများ အပါအဝင် ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်

Must read

ဆန်စျေးနှုန်း ကြီးမြင့်အောင် ရောင်းချသည်ဟုဆိုကာ စီးတီးမတ်ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာ၊ Orange ၊ One Stop Mart မှ တာဝန်ရှိသူများ အပါအဝင် ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်

■ အရေးကြီးကုန်စည်ဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူထားပြီး ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ဒဏ်ငွေ ၅ သိန်းချမှတ်မည်

ရန်ကုန်၊ ဇူလိုင် ၁

အကြမ်းဖက် စစ်ကောင်စီက ဆန်စျေးနှုန်း ကြီးမြင့်အောင် ရောင်းချသည်ဟုဆိုကာ စီးတီးမတ်ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာ၊ Orange ၊ One Stop Mart မှ တာဝန်ရှိသူများ အပါအဝင် ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ထားကြောင်း ဇွန်လ ၃၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။

ဆန်စျေးနှုန်းများကြီးမြင့်နေ၍ စစ်ကောင်စီက စျေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီး ၅၃ ဆိုင်၏ ဆန်ရောင်းဝယ်မှုများကို စစ်ဆေးခဲ့ကြောင်း ၊ ထိုသို့ စစ်ဆေးရာတွင် စျေးကွက်စျေးနှုန်းထက် ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စျေးတင် အကျိုးအမြတ် ရောင်းချသည်ဆိုသော စျေးဝယ်စင်တာ ၂၂ ခုမှ တာဝန်ရှိသူ ၄ ဦးကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။

ထို့ပြင် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် ၇ ဦးကိုလည်း ဆန်စျေးနှုန်းကို သတ်မှတ်ထားသည်ထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်တင် ရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည် ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်ထားကြောင်း သိရှိရသည်။

အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ဒဏ်ငွေ ၅ သိန်းချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီက ကုန်စည်စျေးနှုန်းကြီးမြင့်သည်ဟုဆိုကာ ရွှေ၊ ဒေါ်လာ၊ ဆန်၊ စားအုန်းဆီလုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article