26 C
Yangon

ရန်ကုန်မှ နေပြည်တော်သို့ လာသော စစ်ကား ၂ စီးကို အမြန်လမ်း ၁၆၁ မိုင်တွင် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်မှ နေပြည်တော်သို့ လာသော စစ်ကား ၂ စီးကို အမြန်လမ်း ၁၆၁ မိုင်တွင် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်မှ နေပြည်တော်သို့ လာသော စစ်ကား ၂ စီးကို ရန်ကုန်-မန္တလေး အမြန်လမ်း ၁၆၁ မိုင်တွင် ပစ် ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးအပြင်း အထန်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၅၀၁ တပ်ရင်း၊ ဘုရင့်နောင်စစ်ကြောင်းမှ စစ်ကြောင်းတာဝန်ခံ ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမြန်လမ်း ၁၆၁ မိုင် ရွာသစ်ကျေးရွာအနီးတွင် ရန်ကုန်မှ နေပြည်တော်ဘက်လာသော စစ်ကောင်စီ၏ ဖောကား ၂ စီကို တော်လှန်ရေးတပ်ဖွဲ့က လက်ဦးမှု ရယူယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ကား ၂ စီးကို ပစ်တာမှာ ကားသမားကို ထိပြီး ကားထိုးရပ်သွားခဲ့ပါတယ်။ အဲဒီလို ကားရပ်သွားတဲ့အချိန် တော်လှန်ရေးဘက်တော်သားတွေက ဖိပစ်ပြီး လက်နက်ကောက်ယူဖို့ ကြိုးစားပေမယ့် နောက် ထပ် စစ်ကား ၁ စီးက ရောက် လာလို့ ကာပစ်ပြီး ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်။ တိုက်ပွဲဖြစ်တာက အမြန်လမ်း ၁၆၁ မိုင် စမိုးတံတားနဲ့ ၃ ဖာလုံခန့်အကွာမှာပါ။ အခုက ဇေတဝန် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ စစ်ခွေး အင်အား ၃၀ခန့် အမြဲတပ်စွဲထားပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၅၀၁ တပ်ရင်း၊ ဘုရင့်နောင်စစ်ကြောင်းမှ စစ်ကြောင်းတာဝန်ခံက ပြောဆိုသည်။

ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်တပ်က သေဆုံးသွားသော စစ်သား ၄ ဦးအလောင်းကို သယ်ဆောင်ပြီး ဒဏ်ရာရရှိသော စစ်သား ၅ ဦးကိုလည်း တောင်ငူနှစ်ဆောင်ပြိုင် စစ်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း၊ ယင်းဒဏ်ရာရ စစ်သား ၅ ဦးအနက်မှ အရေးပေါ် ဒဏ်ရာပြင်းထန်သော စစ်သား ၂ ဦးကို နေပြည်တော် ဆေးရုံသို့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲပစ်ခတ်ခံထားရသော စစ်ကောင်စီ၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article