29 C
Yangon

မတ္တရာမြို့နယ်ရှိ စစ်တပ်၏ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

မတ္တရာမြို့နယ်ရှိ စစ်တပ်၏ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇူလိုင် ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မတ္တရာမြို့နယ် – ပကဖ – မဟာတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ရေနံ့သာစစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၆ ဦးနှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်အကျဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲ ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

” အဲတိုက်ခိုက်မှုက အားလုံးပေါင်း စစ်ခွေး ၂၉ ကောင် သေတယ်။ ပျူခွေး ၃ ကောင်နဲ့ စစ်ခွေး ၂၆ ကောင်သေတယ်။ စစ်ခွေးတွေကို ရွာတွေကိုပဲ ပစ်မှတ်ထားပြီး ဗုံးကျဲတာ လက်နက်ကြီးနဲ့ ပစ်တာတွေပဲ လုပ်နေတယ်” ဟု မတ္တရာမြို့နယ် – ပကဖ – မဟာတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် – ပကဖ – မဟာတပ်ဖွဲ့ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁) တပ်ရင်း (၁) ၊ SSTF (Security & Special Task Force) People’s Police တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် တိုက်နယ် ၃ ပကဖ များဖြစ်သော နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article