27 C
Yangon

Khit Thit သတင်းဌာန၏ ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေဟု ခြိမ်းခြောက်

Must read

Khit Thit သတင်းဌာန၏ ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေဟု ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၁

Khit Thit သတင်းဌာန၏ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြိမ်းခြောက်သည်။

၂၀၂၁ ခုနှစ် မတ်လတွင် Mizzima ၊ DVB ၊ Khit Thit Media ၊ Myanmar Now သတင်းဌာနများက နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့်အတွက် မီဒီယာလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ရုပ်သိမ်းခဲ့ကြောင်း၊ ဧရာ၀တီသတင်းဌာနကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်လည်း ပိတ်သိမ်းအရေးယူခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုသည်။

ထိုသတင်းဌာနများက လုပ်ငန်းပိတ်သိမ်းထားသော်လည်း သတင်းများ ဆက်လက် ဖော်ပြနေသည့်အတွက် ၂၀၂၁ ခုနစ် မေလတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဆက်လက် ပေးပို့ ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

ထို့ပြင် ပိုင်ရှင်များဖြစ်ကြသည့် Khit Thit Media ၏ ပိုင်ရှင် ဦးလှိုင်းသစ်ဇင်ဝေ(ခေါ်) သာလွန်ဇောင်းထက်၊ Mizzima ၏ ပိုင်ရှင် ဦးစိုးမြင့်နှင့် Myanmar Now ပိုင်ရှင် ဦးဆွေဝင်းတို့ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် အမည်မည်းစာရင်း (Black List) အဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက ပြည်ပ အခြေစိုက် မီဒီယာများဖြစ်သည့် Mizzima၊ The Irrawaddy ၊ Khit Thit နှင့် Myanmar Now တို့ကို အရေးယူဆောင် ရွက်နိုင်ရေး စစ်ကောင်စီ၏ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်နေကြောင်းအကြမ်းဖက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြိမ်းခြောက်နေ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article