27 C
Yangon

ပြည်သူများအကြား ရေပန်းစားသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုကို အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်

Must read

ပြည်သူများအကြား ရေပန်းစားသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုကို အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁

မြန်မာပြည်သူများအကြား ရေပန်းစား အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု စစ်ကောင်စီက ယနေ့ ညပိုင်း ထုတ်ပြန်သည်။

အဆိုပါပုဂ္ဂလိကဘဏ် ၇ ခုသည် အိမ်ရာချေးငွေများကို များစွာ ထုတ်ချေးလျက်ရှိသည့်အပြင် ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားကြောင်း စစ်ကောင်စီက ဆိုသည်။

ရိုးမဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းကျော်လွန်၍ အိမ်ရာချေးငွေများ ထုတ်ချေးထားကြောင်း၊ မြန်မာနိုင်ငံသားများဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၈ ဒသမ ၉၄ ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်ချေးထားကြောင်း၊ ဧရာ၀တီဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၉၆ ရာခိုင်နှုန်း ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၀၁ ရာခိုင်နှုန်းကျော်လွန်ထုတ်ချေးကြောင်း၊ UAB ဘဏ်က ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၃ ဒသမ ၃၈ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးကြောင်း၊ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ပိုမို ထုတ်ချေးထားကြောင်း စစ်ကောင်စီက ဆိုသည်။

အိမ်ရာချေးငွေများကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ပို၍ ထုတ်ချေးခဲ့သော ပုဂ္ဂလိက ဘဏ် ၇ ခုမှ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၅၄ အရလည်း ဒဏ်ကြေးပေးဆောင်ရမည့်အပြင် စစ်ကောင်စီ၏ ဗဟိုဘဏ် တာဝန်ရှိသူများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ဓာတ်ပုံ- ရိုးမဘဏ် ပိုင်ရှင် ဦးသိမ်းဝေ၊ ဧရာ၀တီဘဏပိုင်ရှင် ဦးဇော်ဇော်၊ UAB ဘဏ်ပိုင်ရှင် ဦးနေအောင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article