27 C
Yangon

မတူပီမြို့ရှိ ဘာသာရေး အဆောက်အအုံများကို စစ်တပ်က လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲ ဖျက်ဆီး

Must read

မတူပီမြို့ရှိ ဘာသာရေး အဆောက်အအုံများကို စစ်တပ်က လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲ ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား ဗုံးကျဲ ဖျက်ဆီးခဲ့ကြောင်း Chinland Defense Force Matupi – Brigade 1 အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီးမှုကြောင့် ခရစ်ယာန် ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားကျောင်း ၃ ကျောင်းနှင့် ပြည်သူပိုင် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ဖျက်ဆီးမှုကြောင့် မတူပီမြို့ရှိ အထင်ကရ ဘာသာရေး အဆောက်အအုံများ ဖြစ်သော ယူနီယံ ဓမ္မကောလိပ် Union Theological College (UTC)၊ မတူပီနှစ်ခြင်း အသင်းတော် Matupi Baptist Church နှင့် ထပ်ဒွန်းနှစ်ခြင်းဘုရားကျောင်း That Dun Memorial Baptist Church တို့ ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article