26 C
Yangon

မုန်းမြို့နယ်၊ နောင်ချိုကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ

Must read

ရန်ကုန်၊ ဇူလိုင် ၃

ပဲခူတိုင်း၊ မုန်းမြို့နယ်ရှိ နောင်ချိုကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုန်းမြို့ အခြေစိုက် ခမရ ၅၉၀ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နောင်ချိုကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် တောင်ပိုင်းစစ်ဒေသ အပါအဝင် စစ်ဒေသ အသီးသီးတွင် တော်လှန်ရေး ပူးပေါင်းအဖွဲ့များ၏ စစ်မျက်နှာများဖွင့်၍ ထိုးစစ်ဆင်နေမှုကို အပြင်းအထန် ပြန်လည် ခုခံနေရလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို လူသားဒိုင်း ပြုလုပ်၍ စစ်ဆင်ရေး နှောင့်နှေးစေရန် ပြုလုပ်ခြင်း၊ တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ပြည်သူများ နေထိုင်ရာ ရပ်ရွာများအတွင်းကို ရမ်းသမ်း ပစ်ခတ်ခြင်းများ အဆက်မပြတ် ပြုလုပ်လျက်ရှိသောကြောင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခြင်းများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article