28 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ ကာကင်းစခန်းတချို့ကို MNDAA တပ်ဖွဲ့က ထပ်မံ သိမ်းပိုက်ရရှိထားပြီး ၊ စစ်တပ်ဘက် သေတဲ့သူတွေ တော်တော်များနေ တဲ့အပြင် ၊ စစ်သုံ့ပန်းတွေလည်း အရှင် ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေး ရဲဘော်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တိုက်ပွဲမှာ သေကုန်ကြတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ ဒုဗိုလ်မှူးကြီး သန့်ဇော်ခိုင် အပါအဝင် စစ်သား ၁၂ ဦးကို စစ်ကောင်စီက ပျောက်ဆုံးစာရင်း သွင်းလိုက်ပြီး ၊ ကျန်ရစ်သူ မိသားစုက အသက်အာမခံကြေး မရတော့ပဲ ၊ အသက်အာမခံကြေးလိုချင်ရင် မသာအလောင်းတွေရှာလာခဲ့ဆိုပြီး တပ်မမှုးက ကျန်ရစ်သူမိသားစုကို စေခိုင်းနေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုဆီကို စက်သုံးဆီ ရောင်းချသယ်ယူခွင့် ပိတ်ပင်လိုက်တဲ့အပြင် ၊ ဆန်နဲ့ အခြေခံစားကုန်တွေ ဆေးဝါးတွေအားလုံး ရှမ်းမြောက်ကို သယ်ယူမှုမှန်သမျှ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးဖို့ကိုပါ စစ်ကောင်စီက ညွှန်ကြားနေတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article